သင်သေသွားသော်...
သြော်...
လူ့ပြည်လောက၊ လူ့ဘ၀ကား
အိုရ ,နာရ ,သေရဦးမည်
မှန်ပေသည်တည်း။
သို့တပြီးကား သင်သေသွားသော်
သင်ဖွားသောမြေ သင်တ်ို့မြေသည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏။
သင်၏မျိုးသား စာစကားလည်း
ကြီးပွားတို့းမြင့် ကျန်ကောင်းသင့်၏။
သင်ဦးချရှi် အမျှဝေရာ
စေတီသာနှင့် သစ္စာအရောင်
ညာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း..။
{ ဇော်ဂျီ}


No comments:
Post a Comment