Saturday, January 26, 2013

ကဗျာ (သုံးရာသီခွင် အလွမ်းဘွဲ ကဗျာ)

                                 နွေနှင့် ပိတောက်

နွေဦးအစ ဆောင်းကုန်ကြတော့
လေပွေလေရူှးု  တဟူးဟူးနဲ့
လတပေါင်းနွေ သစ်ရွက်ကြွေတို့
လမ်းတွေဖြန့်ကြဲ နေပူထဲပဲ.....................။

ရွက်လည်းမရှိ ကပ်ချောက်ရိနဲ့
လှဘိနွေဦး ၊ ကနဦးပင်
တန်ဆာဆင်လို့ ၊ပန်းပိတောက်တွေ
ဝါ၀ါဝေပြီ ၊နွေရာသီရောက်
သစ်ပင်ချောက်တွေ ၊မြင်မြင်လေတိုင်း
လွမ်းလေမပြေ ၊မွေးရပ်မြေထိ
ချစ်သူ့ရှိရာ ၊မျှော်ခါကိုးလို့
တို့အလွမ်းတွေ ၊နွမ်းလေပြီပေါ့
တန်ကူးသင်္ကြန် ၊ရောက်လေပြန်သော်
မပျှော်နိုင်ဘူး ၊ အချစ်ဦးရေ
တစ်မြေစီဝေး ၊ငါတို့လေးတော့
ဝေးကြရပေါ့ ၊အချစ်ဆုံးရေ................။

ပိတောက်ဝါတွေ ၊ မြင်မြင်လေတိုင်း
ကြမ္မာစိုင်းလို့ ၊ငါတို့ဝေးခဲ့
ချစ်ခဲ့ဘူးတဲ့ ၊လွမ်းခဲ့ဘူးလို့
တို့အသည်းတွေ ၊နွမ်းလေပြီပေါ့...........။
မှတ်မထင်ခါ ၊ကြမ္မာဆုံတယ်
မနှင်းဆီရယ် ၊ငါချစ်ခဲ့တယ်
ပဲ့မရှိလှေ ၊ဦးတည့်ပေမဲ့
စောင်းရွေ့မဲ့တယ် ၊နှင်းဆီရယ်................။

ခါးခါးသီးသီး ၊ငြင်းပြီးမှလည်း
ငါတို့မဝေး ၊မပြေးသာကြမ္မာ
ချစ်လှစွာလည်း ၊ဘ၀ကွဲခဲ့
ခြားနားခဲ့ပေါ့ ၊အချစ်ဆုံးရေ.................။

ချစ်တယ်ချစ်တယ် ၊ဆိုလာမယ်လို့
ငါတို့တတွေ ၊သိနေပေမဲ့
ဝေးကြတဲ့ချိန် ၊တန်ပေပြီမို့
နောက်ဆုံးတို့တွေ ၊နူတ်ဆက်နေမယ်...................။

လမ်းမှာတွေ့လို့ ၊တို့မရှောင်သာ
ဖြစ်ခါနေရင် ၊မမြင်သလို
မျက်နှာလျှိုလို့ ၊တို့တွေသွားမယ်
လည့်ပြန်မကြည့် ၊အသည်းထိတယ်...................။

ဘ၀တွေခြား ၊တို့များမသွေ
ဝေးနေပေမဲ့ ၊ချစ်ဆုံးရဲ့တေး
လွမ်းဖွဲ့လေးနဲ့ ၊ပြုံးလေးဝေခါ
ချစ်သူပါလို့ ၊ဖွင့်ဟဆိုမယ်............................။

နွေဦးရောက်လာ ၊ပိတောက်ဝါတွေ
မပွင့်လေတော့ ၊နွေ နှင့်ပိတောက်
မတောက်ပပြီ ၊သည်နွေဦးကို
ရန်ငြိုးပိုလို့၊ မပွင့်တာလား
ပန်းပိတောက်ရေ.......................................။                               
                                                                                      ( မင်းဂျုဝေ  ၊ တိမ်မင်း)